ကျိုင်းတုံ ဇူလိုင် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ အရှေ့ဘက် ၁၈ မိုင်ခန့်အကွာတွင် ယမန်နေ့ ည ၁၁ နာရီ ၃၇ မိနစ်အချိန့်က ရစ်ချ်တာစကေး (၆.၁)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်းသိရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် ကျိုင်းတုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ တစ်ထပ်တိုက်နေအိမ်နှင့် သွမ်မိုးမြေအုပ်ကာ လေးခန်းတွဲ တစ်ထပ်ဆောင်တို့၏ မြေအုတ် အခန်း နံရံများ၊ ယန်းခကျေးရွာအုပ်စု၊ ယန်းခကျေးရွာရှိ လူနေအိမ် (၂)လုံး၏ အုတ် ဘလောက် အခန်းနံရံများ၊ ဆွတ်ရွဲရွာရှိ လူနေအိမ်တစ်လုံးမှ အုတ်ဘလောက်နံရံများ ပြိုကျပျက်စီးခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှုမရှိကြောင်းနှင့် တာဝန်ရှိသူများ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)