ရေတာရှည်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးများကွင်းပိတ် စိုက်ပျိုးခြင်း အခမ်းအနား ကျင်းပပြုလုပ်

ရေတာရှည် ဇူလိုင် ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် ၄၈ ထွန်စက်စခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးများကွင်းပိတ်စိုက်ပျိုးခြင်း အခမ်းအနားကို ဝါးတောကြီးကျေးရွာအုပ်စု၊ ဖိုးကြာညိုကျေးရွာအနီးရှိ  တောင်သူဦးထိန်ဝင်း၏ လယ်ယာ​မြေ၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်စိန်မှ ကောက်စိုက်စက် အသုံးပြုခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများ၏ မိုးစပါးစိုက်ပျိုးပြီး ကြုံတွေ့ရသည့် အခက်အခဲများ လိုအပ်ချက်များကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီမှ အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြတ်မင်းထွေး၊ ခရိုင်စက်မှုလယ်ယာဦးစီးမှူး ဦးသိန်းလွင်ဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရ​သည်

ရေတာရှည်(ပြန်/ဆက်)