အုတ်တံတိုင်း ခြံစည်းရိုး ပြိုကျမှုကြောင့် သေဆုံးသူများနှင့်ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်

မော်လမြိုင်  ဇူလိုင်   ၂၃

မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်ရှိ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်း၏ အုတ်တံတိုင်းခြံစည်းရိုး ပြိုကျမှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေများကိုယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ်လူမှုရေး၀န်ကြီးက သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

သဘာဝဘေးဖြစ်စဉ်ဖြစ်ပွားမှုကြောင့် သေဆုံးသူ မိသားစု၀င်များအား လူမူရေးဝန်ကြီး ဦးမြတ်သွင်နှင့် ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်တို့က အားပေးနှစ်သိမ့်စကားများပြောကြားကာ  မွန်ပြည်နယ် အစိုးရအဖွဲ့ ကိုယ်စားလူမူရေး ဝန်ကြီး ဦးမြတ်သွင်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်တို့က အားသေဆုံးသူ (၅)ဦး၏ မိသားစုဝင်များအား တစ်ဦးလျှင်(၃)သိန်း ကျပ်၊ ထိခိုက်ဒဏ်ရာရရှိသူ(၁)ဦးအတွက်(၁)သိန်းကျပ်နှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်မှသေဆုံးသူတစ်ဦးလျှင် (၃)သိန်းကျပ်နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၁)ဦး အတွက် (၅)သောင်းကျပ် စုစုပေါင်း ထောက်ပံ့တန်ဖိုးငွေ  ၃၁၅၀၀၀၀/- တို့အား သေဆုံးသူများ၏ မိသားစုလက်၀ယ်အရောက် ‌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)