နွားထိုးကြီးမြို့နယ်တွင် မိုးရာသီအရိပ်ရတမာပင်များ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ မိုးရာသီအရိပ်ရစုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် ၇ နာရီအချိန်ခွဲကနွားထိုးကြီး-တောင်သာ၊နွားထိုးကြီး-မလှိုင်သွားကားလမ်းဘေး၌ ကျင်းပခဲ့ကြောင်း သိရသည်။

သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်းဆေးဖျန်းခြင်းလုပ်ငန်းများနှင့် အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက အနောက်ရပ် မြောက်ပိုင်းရပ်ကွက်၊ မွန်းလွဲ(၁)နာရီတွင် ဇော်ဂျီ ရပ်ကွက်၊ ညနေ(၃)နာရီတွင် အ.မ.က (ချင်းကျောင်း) တို့တွင် ကွင်းဆင်းဆောင်ရွက် ခဲ့သည်။

မို်ငးဆတ်မြို့၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီခွဲက  အောင်ဇေယျဘက်စုံအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

မိုင်းခုတ်မြို့၊ အမက(ဝမ်ကတ်)၌ အာရ်စီတစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မှု ၂၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကတ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား၊ သင်ယူနိုင်စေရေးအတွက် ကျောင်းဆောင်သစ်ဆောက်လုပ်နေကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိစည်ပင်သာယာ ကျောက်တိုင်ဝင်း မြို့တော်ခန်းမတွင် ယမန်နေ့က(၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု (မြို့နယ်အဆင့်)အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို လူစည်ကားရာ နေရာများတွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 မက်မန်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းခရိုင်အတွင်း ၂၀၂၂ ဘဏ္ဍာနှစ်ဖြင့်ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်စေရန် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့များသည် ယမန်နေ့မွန်းလွဲ (၁)နာရီက မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာအုပ်စုသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား(၅)ခရိုင် အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက်

၂၀၂၂ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၅)ခရိုင် အမျိုးသား/အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို  ယမန်နေ့ ညနေ(၄)နာရီအချိန်က တိုင်းဒေသကြီး မိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့် မျိုးဆက်သစ်လူငယ် အားက စားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်၌ အသက်၅နှစ်မှအသက်၁၂နှစ်အထိကျောင်းသား၊ ကျောင်းသူ(၃၃၇) ဦး အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinophram) ဒုတိယအကြိမ် ထိုးနှံပေး

“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သောကြောင့် ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ အ.မ.က (၂၁)၊ အ.မ.က(၁၆)၊ အ.မ.က(၁၈)​ အခြေခံပညာမူလတန်းကျောင်းများနှင့်အ.လ.က(၆)အ​ခြေခံပညာအလယ်တန်း​ကျောင်းရှိ အသက် (၅) နှစ်မှ (၁၂) နှစ်ထိ ကျောင်းသား၊ ကျောင်းသူ (၃၃၇)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophram)ကို ယမန်နေ့နံနက် ၁၀ နာရီက​ကျောင်းများရှိ သတ်မှတ်စုရပ်များတွင် ဒုတိယအကြိမ်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(မော်လမြိုင်)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆို ပွဲအခမ်းအနားသို့ ပြည်နယ် ၀န်ကြီးချုပ် တက်ရောက်

မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယမန်နေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (မော်လမြိုင်)၌ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ် သစ်လွင် ကြိုဆိုပွဲသို့ တက်ရောက်ခဲ့သည်။
Subscribe to