ချောင်းဆုံမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါး အန္တရာယ်နှင့်ပတ်သက်၍  အသိပညာပေး ဟောပြောပွဲပြုလုပ်

ကလေးသူငယ် အခွင့်အရေးများ ကိုယ်တိုင်သိရှိနားလည်ရေး မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို အများပြည်သူများ ပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ကြီးမှူးပြီး ချောင်းဆုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပညာရေးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်က ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာ (အ.ထ.က) ကျောင်းတွင် ကျင်းပပြုလုပ်သည်။

မုဒုံမြို့၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကိုကျင်းပသည်။

ပုသိမ်မြို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်း အမှတ်စဉ်(၂/၂၀၂၂-၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန လူမှု၀န်ထမ်းဦးစီးဌာန၊ ပုသိမ်မြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းကို (၁)နှစ်လျင် (၈)ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ ယခု(၂/၂၂-၂၃) သင်တန်းကို (၁၃.၆.၂၀၂၂ မှ ၂၂.၇.၂၀၂၂) ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး သင်တန်း ဆင်းပွဲကို ယနေ့နံနက်(၁၀)နာရီက ပုသိမ်မြို့၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်ကျောင်းတွင်  ကျင်းပ ပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး e-ID စနစ်ဖြင့် နိုင်(၄)၊ ပုံစံ ၆၆/၆ ရေးသွင်းခြင်းအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အတွင်း ဆန္ဒမဲပေးခွင့်ရှိသူတိုင်း နိုင်ငံသားကတ်ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် မဲစာရင်းမှန်ကန်ရေးတို့ အတွက် e-ID စနစ်ကို အသုံးပြု၍ နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် နိုင်(၄)၊ အိမ်ထောင်စုလူဦးရေ စာရင်း ပုံစံ ၆၆/၆ တို့ကို ကွန်ပျူတာအတွင်းရေးသွင်းခြင်းကို ဘားအံမြို့ ကရင်ပြည်နယ်လွှတ်တော်ရုံးနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံးတို့တွင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲခန့်က ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံတွင် ယူရီးယားဓာတ်မြေသြဇာ ထွက်ရှိမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ များနှင့်အတူ ယမန်နေ့ ညနေပိုင်းက ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံသို့ သွားရောက် ၍ ယူရီးယား ဓာတ်မြေသြဇာထွက်ရှိမှုအား ကြည့်ရှုအားပေးခဲ့သည်။

မြိတ်မြို့တွင် ဆဋ္ဌမအကြိမ်မြောက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာအလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်းနှင့် ပစ္စည်းလေးပါး (ဆန်၊ ဆီ၊ ဆေး၊ ဆား) ဆက်ကပ်လှူဒါန်းပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဆဋ္ဌမအကြိမ်မြောက် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာအလှူရှင်များစုပေါင်း၍ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် ပစ္စည်းလေးပါး (ဆန်၊ ဆီ၊ ဆေး၊ ဆား) ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နေ့လယ်ပိုင်းက မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် သာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။

မြိတ်တက္ကသိုလ်တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြိတ်တက္ကသိုလ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ကကျင်းပခဲ့ရာ တနင်္သာရီတိုင်း လူမှုရေးရာဝန်ကြီး တက်ရောက်ခဲ့ပြီး တက္ကသိုလ်အနုပညာအသင်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၌ အသက် (၅) နှစ်မှ (၁၂) ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေး

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက် (၅) နှစ်မှ (၁၂) နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို (ဒုတိယအကြိမ်)စတင် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီအချိန်တွင် (သံဒင်း)အခြေခံပညာမူတန်းလွန်ကျောင်းရှိ ကျောင်းသား/သူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to