ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီး၏ လမ်းညွှန်မှုအရ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဆွေနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းက မြို့မစျေးကြီး အတွင်း/အပြင်ရှိစားသုံးဆီရောင်းချနေသော ဆိုင်များအား ကုန်အညွှန်း အမှတ်အသားနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက် ခဲ့သည်။