မက်မန်းမြို့၌ ကျေးရွာဖွံဖြိုးတိုးတက်းရေးစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော အသေးစားရေအား လျှပ်စစ်ဖွင့်လှစ်ပွဲကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ကျေးလက် ဒေသဖွံ့ဖြိုး တိုးရေးဦးစီးဌာနမှ ပြည်သူများလူနေ မှု ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်ခဲ့သော အသေးစားရေအား လျှပ်စစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ဆွတ်ဝိုးကျေးရွာ အုပ်စု၊ ရောင်ပန်ကျေးရွာ၌ ပြုလုပ်သည်။