ဆီဆိုင် ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်ပွဲနှင့် သင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဆီဆိုင်)ရှိ ယုဇနခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့က ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ မဲရုံလုပ်ငန်းလမ်းညွှန်၊ MEVM မဲပေးစက် အသုံးပြုခြင်းဆိုင်ရာတို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ဆီဆိုင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၁၉ အုပ်စုအတွင်း မဲရုံပေါင်း ၉၅ ရုံးရှိရာ မဲရုံမှူး၊ ဒုတိယ မဲရုံမှူး သင်တန်းကို တစ်ရက်လျှင် ၉၅ ဦးဖြင့် သင်တန်းသား စုစုပေါင်း ၃၈၀ ဦးအား ဒီဇင်ဘာလ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)