ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ရှမ်းပြည်နယ်(ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။ အရှေ့ပိုင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှဝင်းက စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးနှင့် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ၊ အဆိုပါကျောင်းတွင် (၃)နှစ်တက်ရောက်ပြီးမြောက်ပါက ဆက်လက်ပညာသင်ကြားနိုင်မည့်အခွင့်အရေးများ၊ အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်မည့်အခြေအနေများကို ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် အုပ်ထိန်းသူမိဘများအား အသိပညာပေးဟောပြောပြီး သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)