မိုင်းရှူး ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (Book Club)အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီက ကောင်းစံသာ(ရေကြည်)ရေးသားထားသည့် လူငယ်လမ်းညွှန်စာစုများ-၁ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းလီက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် Book Club အဖွဲ့ဝင်များဖြစ်သည့် ဒေါ်သီတာလှိုင်က "လူငယ်နှင့်ဘဝရေးရာ"၊ ဒေါ်ရွှန်းလဲ့လဲ့ကိုက “လူငယ်နှင့်သတိပြုစရာ”၊ ဒေါ်တင်တင်မြက “လူငယ်နှင့်သင်ယူခြင်း” စသည့်ခေါင်းစဉ်များ ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတက်ရောက်လာကြသော စာပေဝါသနာရှင်လူငယ်များကလည်း မိမိတို့စိတ်ကြိုက် ဗဟုသုတရစေမည့် စာစုများဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)