မလှိုင် ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မင်းနှင့် ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များအခမဲ့ ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မလှိုင်မြို့မြန်မာ့စီးပွားရေဘဏ်ရုံးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများသို့သွားရောက်ပြီး ဝန်ထမ်းများအား စာအုပ်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်သို့ လာရောက်ရန်အခက်အခဲရှိသည့် စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့်စာဖတ်သူတိုးပွားလာစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များကို အခမဲ့ ငှားရမ်းပေးနေခြင်းဖြစ်သည်။ Mobile Library စနစ်ဖြင့် သုတ၊ ရသ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြ ကာတွန်းအပါဝင် စာအုပ်မျိုးစုံကို (၅)ရက်အခမဲ့ ငှားရမ်းကြည့်ရှုနိုင်ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)