စဉ့်ကူး ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးများပုံမှန်ကာကွယ်ဆေးထိုးခြင်းကို စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံကြီး(၂)ထပ်ဆောင်၊ လက်ပန်လှကျေးရွာကျန်းမာရေးဌာန၊ ထုံးကြီးကျေးရွာ တိုက်နယ်ကျန်းမာရေးဌာနနှင့် ဆည်သည်ကျေးရွာ ကျန်းမာရေးဌာန၊ စုစုပေါင်း (၄)နေရာတို့တွင် ဩဂုတ်လ၂ ရက်နေ့နံနက် ၉ နာရီခွဲမှစ၍ ၂ ရက်တိုင်ထိုးနှံပေးသွားမည်ဖြစ်သည်။
ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် အဆင်ပြေချောမွေ့စေရန် ယခုလမှစတင်ထိုးနှံကြမည့် ကလေးများအတွက် မွေးစာရင်းမရှိသေးပါက မိဘများအနေဖြင့် ကလေးအမည်၊ မွေးသက္ကရာဇ် (ခရစ်သက္ကရာဇ်ဖြင့်)၊ ဖခင်အမည်၊ မိခင်အမည်နှင့် နေရပ်လိပ်စာတို့ကိုစာရွက်ပေါ်တွင်ရေးသား ယူဆောင်လာကြရန်၊ ယခုလတွင် ကာကွယ်ဆေးများ စုံလင်စွာထိုးနှံပေးမည်ဖြစ်၍ မိမိကလေး၏ ကာကွယ်ဆေးထိုးကဒ်ပြားကို သေချာစွာစစ်ဆေးပြီး မထိုးရသေးသောကာကွယ်ဆေးရှိပါက ထပ်မံလာရောက်ထိုးနှံကြရန်နှင့် မိမိတို့နီးစပ်ရာ ကျန်းမာရေးဌာနတွင် ယခင်ထိုးထားသော ကာကွယ်ဆေးထိုးကဒ်ပြား ယူဆောင်၍ ထိုးနှံနိုင်ကြောင်း စဉ့်ကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။
တင်ဇာလွင်(ပြန်/ဆက်)