တန့်ယန်းမြို့နယ်တွင် ရွှေမောင်းအောင် ကမ္ဘာဘိုးဘွားရိပ်သာ ဖွင့်ပွဲကျင်းပရန် လုပ်ငန်းညှိနှိုင်း ဆွေးနွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ် အမှတ်(၅)ရပ်ကွက် ရွှေမောင်း သီလရှင်စာသင်တိုက် ဦးစီးပဓာနနာယက ဆရာကြီးဒေါ်ဥပ္ပလထေရီ ဦးဆောင်၍ဆောက်လုပ်ပြီးစီးခဲ့သော ရွှေမောင်းအောင်ကမ္ဘာ ဘိုးဘွားရိပ်သာ ဖွင့်ပွဲကျင်းပရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။

ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ အ.ထ.က (၁)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်လူရွယ်များ အသိပညာဗဟုသုတ ပိုမိုတိုးတက်လာစေရန်နှင့် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများ ရှိလာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ မွန်းတည့် (၁၃)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” Billboard များစိုက်ထူ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများပိုမိုပါဝင်၍ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး “ဒို့အတူတူ မဲပေးကြမယ်” Billboard များစိုက်ထူခြင်းကို ယ‌နေ့နံနက်ပိုင်းက လမ်းဆုံ၊ လမ်းခွများနှင့် လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။

သာကေတမြို့နယ်ရှိ ရပ်ကွက်များတွင် Billboard ပိုစတာများ စတင်စိုက်ထူ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ မြင်တော်သာလမ်း၊ အမှတ်(၅)ရပ်ကွက်၊ မြကန်သာပန်းခြံရှေ့နှင့် အမှတ်(၉)ရပ်ကွက်၊ ဧရာ၀ဏ်လမ်း၊ အတွင်းရှုခင်းသာလမ်းထောင့်နေရာတို့တွင် ယမန်နေ့နံနက်(၈:၃၀)အချိန်က မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် ဗိုလ်မှူးသူရိန်ဇော်၊ အဖွဲ့ဝင် ဒေါ်ခင်သင်းသင်းဇော် (စီမံကိန်း)၊ အဖွဲ့ဝင် ဦးညွန့်ဝေ၊ အတွင်းရေးမှူး ရဲမှူးညွန့်၀င်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အောင်၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င် ဦးသန်းဇော်ဦးနှင့် အတွင်းရေးမှူး ဒေါ်နှင်းယုကျော်၊ ဒုလဝကမှူး ဦးသက်နိုင်ထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးထွန်းမင်းစံ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုး၀င်းနှင့် အဖွဲ့၀င်များ၊ မြို့နယ် ထွေ/အုပ်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်စေရန် "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့" စာသားပါ (၈ပေ×၄ပေ)ပိုစတာ(၂)ခု စိုက်ထူပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်၊၊

သန်လျင်မြို့နယ် ကရင်ဆိပ်ခေတ်မီစံပြကျေးရွာတွင် အသိပညာပေးဟောပြောပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ကရင်ဆိပ်ခေတ်မီစံပြကျေးရွာနေ ပြည်သူများအား အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါကျေးရွာရှိ ပညာမိခင်စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ပန်းဘဲတန်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ပြည်သူများလက်ဝယ်အရောက်ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်ရေးအစီအစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က “ဒို့အတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို တာ၀န်ရှိသူများပူးပေါင်း၍ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်၌ ကျားမအခြေပြုအကြမ်းဖက်ခံရသူများ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆိုင်ရာ အသိပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအနေဖြင့် ကျားမအခြေပြု အကြမ်းဖက်ခံရသူများ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆိုင်ရာ အသိပေးဆွေးနွေးပွဲနှင့် OSCC (One Stop Crisis Center) ဖွင့်လှစ်ခြင်းကို ယမန်နေ့က သန်လျင်မြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် စောင်၊ အခင်း၊ မီးဖိုဆောင်သုံးပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီအနေဖြင့် ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ရှိ ဂျာမိုင်ကောင်းတိုက်ပွဲရှောင်စခန်းနှင့် ဒူကထောင် တိုက်ပွဲရှောင်စခန်းရှိ ဖားကန့်မြို့နယ်မှ တိမ်းရှောင်လာကြသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ဆောင်း တွင်းကာလ လိုအပ်သည့်အသုံးအဆောင်များဖြစ်သည့် စောင်၊ အခင်း များအပြင် မီးဖိုဆောင်သုံး ပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၊ သမဝါယမအသင်းများမှ အသင်းသားတောင်သူများအား စိုက်ပျိုးရေးသွင်းအားစုများ ဖြန့်ဖြူးပေးအပ်ပြီး စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာအုပ်စုရှိ ဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုးထုတ်လုပ်သော သမဝါယမအသင်းများမှ အသင်းသားတောင်သူများအား စိုက်ပျိုးရေး သွင်းအားစုများ ဖြန့်ဖြူးပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက သဲကုန်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to