ကမာရွတ်မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး PFIZER VACCINE ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး (PFIZER VASCCINE) ထိုးနှံခြင်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ  ယုဒသာန်ဘုရားကျောင်းတွင် ပြည်သူများအား မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ်ရှိ ဒေသခံပြည်သူများအား မော်လမြိုင် အထူးကုဆရာဝန်ကြီးများမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ကျေးလက်နေပြည်သူများအား (အခမဲ့) ကွင်းဆင်းဆေးကုသပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက မုဒုံမြို့နယ် ကော့ခပုံကျေးရွာရှိ အ.ထ.က (ခွဲ)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ညောင်ဦးခရိုင်အတွင်း ကန်များပြုပြင်ထိန်းသိမ်းမှုနှင့် ရေရရှိရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး တာဝန်ရှိသူများလိုက်ပါ၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းရေကန် မြေနဲလေးကန်-၂ (ကန်အမှတ်-ဝ၆၁)နှင့် မြေနဲလေးကန်-၃ (ကန်အမှတ်-ဝ၆၄)၏ ရေဝင်ရောက်သိုလှောင်နိုင်မှုနှင့် အကျိုးပြုနိုင်မှုအခြေအနေများကို ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်လံမြို့၌ သမဝါယမအသင်းစုလီမိတက် ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ သမဝါယမအသင်းစုလီမိတက် (၁-၁၀-၂၀၂၀) မှ (၃၁-၃-၂၀၂၁) မီနီဘတ်ဂျက်နှင့် (၂၀၂၁-၂၀၂၂)၊ (၂၀၂၂-၂၀၂၃)၊ (၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အောင်လံမြို့နယ် သမဝါယမအသင်းစုလီမိတက် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် အောင်လံမြို့နယ်ပြည်သူ့ဆေးရုံရှိ ကျောက်ကပ်သန့်စင်စက်နှင့်ဆက်စပ်ပစ္စည်း၊ အလှူငွေများ လှူဒါန်းအပ်နှံပွဲ အခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ နိုဝင်ဘာ ၁၃ ရက်က မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်နှင့်တာဝန်ရှိသူများက အောင်လံမြို့နယ်ပြည်သူ့ဆေးရုံရှိ ကျောက်ကပ် သန့်စင်စက်နှင့်ဆက်စပ်ပစ္စည်း၊ အလှူငွေများလှူဒါန်းအပ်နှံပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

ဖကျောက် ခေတ်မီစံပြကျေးရွာ၌ ကွန်ကရစ်လမ်းနှင့် စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု၊ ဖကျောက် ခေတ်မီစံပြကျေးရွာ၌ ကွန်ကရစ်လမ်းသစ်နှင့်စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။

ကျိုက်လတ်မြို့နယ်၌ မီးဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌  ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့်  စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက Wilmar Myanmar Riceland Kyaiklat Limited  ပေါင်းဆန်စက်ရုံအား မီးဘေးအန္တရာယ် ကင်းရှင်းရေးကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

မိုင်းခုတ်မြို့မတပ်ဦးဘုန်းကြီးကျောင်းတိုက်ရှိ အောင်သိဒ္ဓိစေတီတော်မြတ်ကြီးအား သုံးကြိမ်မြောက် ဘုရားအနေကဇာတင်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပ

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မြို့မတပ်ဦးဘုန်းကြီးကျောင်းတိုက်ရှိ အောင်သိဒ္ဓိစေတီတော်မြတ်ကြီးအား သုံးကြိမ်မြောက် ဘုရားအနေကဇာတင်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့နံနက် (၆)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

သရက်မြို့၌ (၈၇)ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင်(၆၃)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေလောင်းလှူ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လစဉ်လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့် (၈၇) ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင်(၆၃)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေလောင်းလှူပွဲကို ယနေ့ နံနက်(၈) နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

ကော့သောင်းမြို့တွင် တနင်္သာရီတိုင်းဒေသကြီး ဥပ‌ဒေချုပ် နှင့် ကော့သောင်းခရိုင်နှင့်မြို့နယ်ဥပဒေရုံးမှ အရာထမ်း၊အမှုထမ်းများ‌ တွေ့ဆုံပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် တနင်္သာရီတိုင်း‌ဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းနှင့် ကော့သောင်းခရိုင်၊ မြို့နယ်ဥပဒေရုံးမှ အရာထမ်း၊အမှုထမ်းများ‌ တွေ့ဆုံပွဲကို ကော့သောင်းခရိုင်နှင့်မြို့နယ်ဥပဒေရုံးတွင် ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to