သန်လျင်မြို့နယ်၌ ကျားမအခြေပြုအကြမ်းဖက်ခံရသူများ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆိုင်ရာ အသိပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအနေဖြင့် ကျားမအခြေပြု အကြမ်းဖက်ခံရသူများ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆိုင်ရာ အသိပေးဆွေးနွေးပွဲနှင့် OSCC (One Stop Crisis Center) ဖွင့်လှစ်ခြင်းကို ယမန်နေ့က သန်လျင်မြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒေါက်တာသန်းနိုင်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ညွှန်ကြားရေးမှူး မိခင်နှင့်မျိုးဆက်ပွားဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာခိုင်နွယ်တင်က ကျားမအခြေပြုအကြမ်းဖက်ခံရသူများ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆိုင်ရာများကို ရှင်းလင်းတင်ပြကာ ဆေးရုံအုပ်ကြီး၊ ဒေါက်တာချောနန္ဒီက ပြည်သူ့ဆေးရုံကြီး၊ သန်လျင်မြို့တွင် ဆောင်ရွက်မည့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါအခမ်းအနားသို့ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ခရမ်း၊ သုံးခွမြို့နယ်များရှိ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့်အမျိုးသမီကော်မတီဝင်များ၊ လူမှုဝန်ထမ်းနှင့်နှီးနွယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)