ရန်ကင်း ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများပိုမိုပါဝင်၍ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး “ဒို့အတူတူ မဲပေးကြမယ်” Billboard များစိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက လမ်းဆုံ၊ လမ်းခွများနှင့် လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ကြရာတွင် Billboard များအား မြို့နယ်လူစည်ကားရာနေရာ ၁၀ နေရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့်အဖွဲ့၀င်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာ၀န်ရှိသူများက မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးနှိုးဆော်သည့် “ဒို့အတူတူ မဲပေးကြမယ်” Billboard များစိုက်ထူပေးခဲ့ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)