ဥတ္တရသီရိမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  အခြေခံပညာစာသင်ကျောင်းများ၊ လူစည်ကားရာနေရာများ၊ ရပ်ကွက်များနှင့် ဈေးများတွင် ဖြန့်ဝေပေးခဲ့သည်။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ မဲစာရင်းကျန်ရှိမှု မရှိစေရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ပေး

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဒုတိယအကြိမ် မဲစာရင်းကြေညာပြီး မဲစာရင်းတွင် ပါဝင်ခြင်း မရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ ကျန်ရှိမှုမရှိစေရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေတာရှည်မြို့၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က(သာဂရ)တွင် ကျင်းပခဲ့သည်။

ဝေါမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအ‌ထွေထွေရွေးကောက်ပွဲဆိုင်ရာ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုက‌ရေစီ အထွေထွေရွေး‌ကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်နိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများမှ ယနေ့နံနက် (၁၀)နာရီက လူစည်ကားသည့်နေရာများတွင် ဖြန့်ဝေဆောင်ရွက်ကြသည်။

လှည်းကူးမြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်ဆန္ဒမဲပေးနိုင်ရေး၊ နိုင်ငံသားတိုင်း အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေး လက်ကမ်းစာစောင်များကို လှည်းကူးမြို့နယ်ရှိ သာယာကုန်းကျေးရွာအုပ်စု၊ တောင်သူ ဦးစိုင်းကျော်၏ လယ်မြေ(၅)ဧကပေါ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံ(နေကြာ)မျိုးစေ့ချစက်ဖြင့် စိုက်ပျိုးခြင်း၊ နေကြာမျိုးစေ့နှင့် ဓာတ်မြေဩဇာပေးအပ်ခြင်း၊ နွေစပါးအတွက် Drum Seeder များ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ တောင်သူများနှင့် မင်းကုန်းကျေးရွာ၊ ဦးမင်းအောင် (ရိုဘတ်စတာ) ကော်ဖီစိုက်ခင်းတွင် လာရောက်လေ့လာသော သင်တန်းသူ၊ သင်တန်းသားများအား ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းက ဖြန့်ဝေပေးခဲ့သည်။

ခမောက်ကြီးတွင် ၅ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်းနှင့် မိခင်နှင့်ကလေးကျန်းမာရေး ပညာပေးခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အသက် ၅ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ခမောက်ကြီးမြို့ အခြေခံပညာမူလတန်းကျောင်း စမ်းသီတာတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများစာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပေါ်တော်မူကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ မြစ်ကမ်းသားစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် မော်လမြိုင်မြို့ ကမ်းနားလမ်း တို့ချဲ့အပန်းဖြေနေရာ ဆောက်လုပ်ဖော်ထုတ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂ ရက်နေ့ ည‌နေပိုင်းကမော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက်ရှိ ကမ်းနားလမ်း၊ မြစ်ကမ်းသာအပန်းဖြေစီမံကိန်းတည်ဆောက်မည့် နေရာသို့ရောက်ရှိရာ ဦးစွာရှင်းလင်းဆောင်တွင် Myanmar Energy King (MEK)Co;Ltd၊ Thiha Min Swe Construction Co;Ltd၊ Golden Mawlamyine Co;Ltd ကုမ္မဏီတို့၏ တာဝန်ယူဆောက်လုပ်သည့် အများပြည်သူအနားယူအပန်းဖြေရန်အတွက် လျှောက်လမ်း Clay Tileခင်းခြင်းလုပ်ငန်း၊ နားနေဆောင် ဘုံဆင့်အမိုး Frame လုပ်ငန်း၊ နားနေဆောင်ကြမ်းခင်းကွန်ကရစ်‌လောင်းခြင်းလုပ်ငန်း၊ Bridge (ပေါင်းကူးတံတား) လုပ်ငန်း၊ မွန်ရိုးရာလခြမ်းတူရိယာ၊ ကားပါကင်ကွန်ကရစ်‌ေလာင်းခြင်းလုပ်ငန်း၊ ဆောင်ရွက်နေမှုတို့ကို power pointဖြင့်ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မြို့ပြသွင်ပြင်လက္ခဏာပေါ်လွင်စေရေး၊ သန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်ကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့် စံညီစံညွှန်းပြည့်မီစွာ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး လျှောက်လမ်းနေရာများတည်ဆောက်ခြင်း၊  မြေယာရှုခင်း၊ ကလေးကစားကွင်း၊ နားနေခုံများဆောင်ရွက်ခြင်း၊ မြတ်ခင်းပြင်နှင့် အရိပ်ရပင်များ၊ ပန်းပင်များ စိုက်ပျိုးခြင်း၊ အလှမီးတိုင်များ ထွန်းညှိခြင်းများဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဘီးလင်းမြို့နယ်၌ပြည်သူ လူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့၌ သာသနာလင်္ကာရအကျော်စာမေးပွဲ ကျင်းပ

ပရိယတ္တိသာသနာတော်ကြီး အရှည်တည်တံ့စေရန်ရည်ရွယ်၍ ပဲခူးမြို့ ပရိယတ္တိသဒ္ဓမ္မရက္ခိတ(ပဲခူးသာမဏေကျော်အသင်းကြီး)မှ ကြီးမှူးပြီး (၃၉)ကြိမ်မြောက် သာသနာလင်္ကာရအကျော်စာမေးပွဲကို ယနေ့ နေ့လယ်ပိုင်းအချိန်က ပဲခူးမြို့၌ (ပထမနေ့)အဖြစ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
Subscribe to