ခရမ်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် “ဒို့အတူတူမဲပေးကြမယ်”  လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်ရေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ယနေ့နံနက် (၁၀)နာရီအချိန်က လူစည်ကားသည့် နေရာများဖြစ်သော ဘုရားလမ်း၊ ကျောက်တိုင်လမ်း၊ စိုက်/ဘဏ်ရုံးရှေ့နှင့် အခြေခံပညာကျောင်းများတွင် ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့၌ ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ် စာစောင်ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သထုံမြို့နယ်၊ ထောင်မှူးကျေးရွာရှိ(တိုင်တရာ) အခြေခံပညာမူလတန်း‌လွန်ကျောင်း၌ ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ကျေးလက်ဖွံ့ဖြိုးရေး ကျေးရွာချင်းဆက်လမ်းများ ခင်းကျင်းပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့်ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေးရည်ရွယ်၍ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည့် ကျေးရွာချင်းဆက်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်​နေမှုအားယမန်နေ့ကကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်​(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးမြင့်နှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့် နံရံကပ်စာ‌‌စောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်း ရှိကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှု‌လေ့လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က ထူးကြီးကျေးရွာရှိ အမှတ် (၈) အ‌ခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

တီးတိန်မြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (ချင်းပြည်နယ်တာဝန်ခံ)ရောက်ရှိ တွေ့ဆုံပွဲပြုလုပ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(ချင်းပြည်နယ်တာဝန်ခံ) ဦးအောင်မိုးမြင့်သည် ချင်းပြည်နယ် တီးတိန်မြို့သို့ရောက်ရှိပြီး ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး/ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ(၂)ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ဘားအံမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ လှာကာအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ တက္ကသိုလ်နှင့် လူစည်ကားရာ‌နေရာများ၌ ဒီဇင်ဘာ ၁ ရက်နေ့မှစတင်၍ ဖြန့်ဝေပေးလျက်ရှိသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အပြည့်အဝရရှိစေရေး နယ်မြေကွင်းဆင်း၍ တိုက်ဆိုင်စီစစ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသား‌ရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲဆန္ဒရှင်အမည်စာရင်း၌ ပါဝင်သင့်သူများ မကျန်ရှိစေရန်နှင့် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ပါရှိနိုင်စေရန်အတွက် ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးပေးလျက်ရှိသည်။

ပင်လယ်သွားဆေးရုံသ‌င်္ဘော(သံလွင်) ကိုကိုးကျွန်းသို့ ရောက်ရှိ

ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်သို့ ပင်လယ်သွားဆေးရုံသ‌င်္ဘော(သံလွင်)ဖြင့် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ရောက်ရှိလာကြောင်း သိရသည်။
Subscribe to