ပန်းဘဲတန်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ပြည်သူများလက်ဝယ်အရောက်ဖြန့်ဝေ

ပန်းဘဲတန်း ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်ရေးအစီအစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က “ဒို့အတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို တာ၀န်ရှိသူများပူးပေါင်း၍ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့‌ဆောင်ရွက်ရာတွင် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၃၊ ၄)ရပ်ကွက်၊ အနော်ရထာလမ်းမှ ကုန်သည်လမ်းအထိ(၂၇ လမ်း၊ ၂၈လမ်းအကြား)ရှိ ဈေးရောင်းချနေသော ဈေးဆိုင်များ၊ လမ်းသွားလမ်းလာပြည်သူများထံသို့ “ဒို့အတူမဲပေးကြမည်” စာသားနှင့် “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” စာသားများပါ လက်ကမ်းစာစောင်များအား ပန်းဘဲတန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန‌ဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ပြည်သူများလက်ဝယ်အရောက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)