အိမ်မဲမြို့နယ်တွင် ဒီဇင်ဘာလလူထုလှုပ်ရှားမှုအကြို လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သန်စွမ်းစေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့်နှစ်စဥ် ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ဦးဆောင်မှုဖြင့် ဒီဇင်ဘာလလူထုလှုပ်ရှားမှုအကြို လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် (၆)နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကောကျေးရွာတွင် ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ခန္တီးမြို့ပေါ်ရှိ မဲဆန္ဒရှင်ပြည်သူများ ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာထားရှိမှုများအား လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ပူးပေါင်း၍  ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခန္တီးမြို့၊ မြို့မရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာထားရှိမှုအား ဒေသခံတိုင်းရင်းများနှင့်ပြည်သူများ မဲစာရင်းလာရောက် ကြည့်ရှုနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မဲစာရင်းပါရှိစေရေး၊ မကျန်ရှိစေရေးနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် နိုဝင်ဘာလ ၂၇ ရက်နေ့က သက်ငယ်မုဒိန်းမှုနှင့် လိင်အမြတ်ထုတ်မှုမှ တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် နိုဝင်ဘာလ ၂၇ ရက်နေ့က သက်ငယ်မုဒိန်းမှုနှင့် လိင်အမြတ်ထုတ်မှုမှ တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပ ဇော်မိုး (သင်္ဃန်းကျွန်း)

တပ်ကုန်းမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားသည့်နေရာများ၊ ရပ်ကွက်နှင့် ဈေးတွင် ဖြန့်ဝေပေးခဲ့သည်။

ဟင်္သာတမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲပြုလုပ်

ဟင်္သာတမြို့ အ.လ.က (၄) အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀) နာရီချိန်က ရွှေဂူကြီးမင်းကျောင်း  ရတနာရွှေဂူနှစ်ထပ်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သဲကုန်း​မြို့နယ်တွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ စာအုပ် စာစောင်နှင့် နံရံစာ​​စောင်ပြပွဲကျင်းပ

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံစာ​​စောင်ပြပွဲကို ယမန်နေ့က အ.မ.က(ပျားစည်)၌ ကျင်းပဆောင်ရွက်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် ဒို့အတူတူ မဲပေးကြမယ်၊ လှမ်းစို့ကူညီမဲရုံဆီ ဒီမိုကရေစီဖော်ဆောင်မည်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဗီနိုင်းပိုစတာ၊ဘေဘုတ်များ စိုက်ထူ

တောင်ဥက္ကလာပမြို့နယ်တွင် ဒို့အတူတူ မဲပေးကြမယ်၊ လှမ်းစို့ကူညီမဲရုံဆီ ဒီမိုကရေစီဖော်ဆောင်မည်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဗီနိုင်းပိုစတာ၊ဘေဘုတ်များ စိုက်ထူ တောင်ဥက္ကလာပ ဒီဇင်ဘာ ၅ သက်မင်းဟန်(ပြန်/ဆက်)

တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့်မြစ်ရေယာဉ်(စကု)၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ရွာသစ်ကျေးရွာသို့ရောက်ရှိ၊ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသည့် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်ရွှေပုဇွန်နှင့် မြစ်ရေယာဉ်စကုတို့သည် ယမန်နေ့ နေ့လယ်ပိုင်းတွင် မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်ဘုန်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ သို့ရောက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ဟင်္သာတမြို့နယ်တွင်၂၀၂၅-၂၀၂၆ပညာသင်နှစ် KG ကျောင်းသူ/ကျောင်းသားများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် KG ကျောင်းသူ/ကျောင်းသားများ ကိုကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာ ၃ ရက်နေ့ နေ့လယ်ပိုင်းက ဒူးယား အ.ထ.က ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ကျိုက်မရော၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများပါဝင်နိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

 ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။
Subscribe to