သနပ်ပင်မြို့နယ်၌ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) များအား Software ရေးသွင်းနေမှုအား ကြည့်ရှုစစ်ဆေး

သနပ်ပင် ဩဂုတ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးရိုင်၊ သနပ်ပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အစည်းအဝေးခန်းမ များ၌ မန်နေ့ နံနက် ၇ နာရီအချိန်က အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ နည်းပညာအသုံးပြု၍ ကွန်ပျူတာအတွင်း ရိုက်သွင်းခြင်းနှင့် Software Program အတွင်းသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးမျိုးနိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အင်အားဦးစီးဌာန ဦးစီးမှူး ဦးတင်ဌေးတို့က အနီးကပ်ကြီးကြပ် ကူညီဆောင်ရွက်လျက်ရှိပြီး (ပုံစံ-၆၆/၆) အချက်အလက်များကို နည်းပညာအသုံးပြု၍ software program ဖြင့် Database သို့ တိုက်ရိုက်စာရင်းရေးသွင်းခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန်ထမ်းများ နှင့် အခြားဌာနဆိုင်ရာဝန်းထမ်းများမှ  ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းအထိပြီးစီးမှု ရာခိုင်းနှုန်းမှာ  ၅၀.၄၃% ဆောင်ရွက်ပြီးစီး သတ်မှတ်ကာအတွင်း ပြီးစီးနိုင်ရေးအတွက် နေ့အဆိုင်း၊ ညအဆိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)