နောင်ချို ဩဂုတ် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ(အခမဲ့) ကွန်ပျူတာသင်တန်း(၆)ရက်မြောက်နေ့ကို ယမန်နေ့ ညချမ်းအချိန်က သဖန်းကိုင်း ပရဟိတကျောင်း ကွန်ပျူတာခန်းမ၌ ဆက်လက်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို သဖန်းကိုင်းပရဟိတဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပညာလင်္ကာရ၏ ဦးဆောင်စီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့ပြီး၊ သင်တန်းနည်းပြ ၈ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁)လတာကြာမြှင့်မည်ဖြစ်ကြောင်း၊ ရပ်ဝေးမှလာရောက်သည့် သင်တန်းသား၊ သင်တန်းသူများအား နေရေးထိုင်ရေး၊ စားသောက်ရေးကိစ္စများကိုပါ စီစဉ်ဆောင်ရွက်ထားရှိပေးထားကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။
ထွေးငယ်၊ပြန်/ဆက်