ဇမ္ဗူသီရိ ဩဂုတ် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက စာရေးဆရာ အောင်ဆွေထက် (ချွေးမြို့တော်)ရေးသားသည့် “တစ်ခါတုန်းကနေပြည်တော်မှာ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင် က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်နီလာစိုးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ် ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာ များဖြစ်ကြသည့် စာရေးဆရာ အောင်ဆွေထက် (ချွေးမြို့တော်)က ကိုယ်တိုင်ဆွေးနွေးခဲ့ပြီး စာရေးဆရာမ မေချို(ပျဉ်းမနား)၊ စာရေးဆရာ ခိုင်မင်း (နေပြည်တော်)၊ စာရေးဆရာ ဟန်ညွန့် (ယဉ်ကျေးမှု)၊ စာရေးဆရာ သဘာဝ၊ စာရေးဆရာကျော်လွင် (မှော်ဝန်း)၊ စာရေးဆရာ မောင်လေပြေ(တောင်တွင်း)နှင့် စာပေဝါသနာရှင်များက စာရေးဆရာ အောင်ဆွေထက် (ချွေးမြို့တော်)ရေးသားသည့် “တစ်ခါတုန်းကနေပြည်တော်မှာ” ဆောင်းပါးပါ အကြောင်းအရာ များအား အသီးသီးဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ နေပြည်တော်စာပေဝိုင်းအဖွဲ့မှ စာရေးဆရာများ၊ ဇမ္ဗူသီရိမြို့နယ် (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုစုပေါင်း (၁၃) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)