တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မိုးကြိုးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က မိုးကြိုးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ (Talk Show)အား ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ညောင်တုန်းမြို့ အားကစားကွင်းသို့ ကြည့်ရှုစစ်ဆေး

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ‌ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ရှိ မြို့နယ်အားကစားကွင်းသို့ ကြည့်ရှုစစ်ဆေးခဲ့သည်။

ရမည်းသင်းမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌလား အသက (၁၈) နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ရမည်းသင်းခရိုင် ပြည်သူ့အားကစားကွင်း၌ ယမန်နေ့ညနေ ၄ နာရီခွဲက  ကျင်းပပြုလုပ် သည်။

ဇလွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၃၀၉၂၂၅၀၀၀၀) ထုတ်ချေးပေး​ပြီးဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေများကို မေလ ၂၀ ရက်နေ့မှ စတင်ထုတ်ချေးလျက်ရှိရာ ယနေ့အထိ ချေးငွေကျပ် (၃၀၉၂၂၅၀၀၀၀)ကျပ် ထုတ်ချေးပေးနိုင်ခဲ့သည်။

ပုသိမ်မြို့၌ တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 တေးသီချင်းသီဆိုမှုပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 တေးသီချင်း သီဆိုမှု ပြိုင်ပွဲကို သြဂုတ် ၆ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော် ခန်းမ၌ ကျင်းပသည်။

သရက်ချောင်းမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်

ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့်ညီညွှတ်သော လူနေမှုပုံစံများ(Healthy Life Styles) သိရှိကျင့်သုံးစွဲမြဲစေပြီး ကျန်းမာရေးအဆင့်အတန်းမြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဩဂုတ်လရောက်တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရာ သရက်ချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက အ.ထ.က သရက်ချောင်းကျောင်း၌ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

မိုင်းနောင်မြို့ ပြည်သူ့ဆေးရုံတွင် မိဘပြည်သူများအား (TB- Mobile Team)  အစီအစဉ်ဖြင့် တီဘီရောဂါ ရှိ/မရှိ ကွင်းဆင်းစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ ပြည်သူ့ဆေးရုံတွင် မိဘပြည်သူများအား (TB Mobile Team)စနစ်ဖြင့် တီဘီရောဂါ ရှိ/မရှိ ကွင်းဆင်း၊ စစ်ဆေး၊​ စမ်းသပ်ခြင်းများကို (အခမဲ့)ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်ရုံးနှင့် ပြည်ကြီးတံခွန်မြို့နယ် အ.မ.က (မူလွန်) ၂၀ ကျောင်းတို့ပူးပေါင်း၍ ကဗျာရွတ်ပြိုင်ပွဲနှင့် စာရွတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to