မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

မန္တလေးခရိုင် ဩဂုတ် ၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်ရုံးနှင့် ပြည်ကြီးတံခွန်မြို့နယ် အ.မ.က (မူလွန်) ၂၀ ကျောင်းတို့ပူးပေါင်း၍ ကဗျာရွတ်ပြိုင်ပွဲနှင့် စာရွတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များဖြစ်ပေါ်စေရန်နှင့် လူအများရှေ့တွင် ရဲရဲဝံ့ဝံ့စကားပြောဆိုတတ်စေရန် ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြိုင်ပွဲပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးခဲ့သည်။

အဆိုပါ ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပေးခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူ ကျောင်းသား/သူ စုစုပေါင်း(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အ.မ.က (မူလွန်) ၂၀ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ကျော်အောင်