စဉ့်ကူးမြို့နယ် အခြေခံပညာမူလတန်းကျောင်း-ဟင်္သာဖို ၏ ကျောင်းဆောင်သစ် မြေနေရာအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်  အခြေခံပညာမူလတန်းကျောင်း- ဟင်္သာဖို ကျောင်းဆောင်သစ်ဆောက်လုပ်ရန် မြေနေရာဝယ် ယူရေးအတွက် ထက်ရည်လင်းရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီမှ အလှူငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို  စဉ့်ကူးမြို့နယ် ပညာရေးမှူးရုံး အစည်း အဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဝမ်းတွင်းမြို့နယ်၌ တောင်သူအကျိုးပြုနည်းပညာပေး မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ တောင်သူအကျိုးပြု နည်းပညာပေး မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကွင်းအမှတ် (၁,၁၅၅) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အဆင့်မြင့်) အပ်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်း တို့ပူးပေါင်းကာ ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီအချိန်က ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အဆင့်မြင့်) အပ်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

ပိုင်ကျုံမြို့ အ.မ.က တနင်းသရောကျောင်း မြေနေရာအား ခြံစည်းရိုးကာရံခြင်း လုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ၊ ဈေးရောင်းဈေးဝယ်မှုများအဆင်ပြေလွယ်ကူစေရေးနှင့် သွားလာမှုအဆင်‌ ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင်ကရင်ပြည်နယ်၊အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၄၁.၅) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဈေးမြေနေရာအား ခြံစည်း ရိုး ကာရံခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၄ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မုဒုံမြို့၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်း၊ ကျောင်းသား/သူများအား အာဟာရဖွံ့ဖြိုးစေရန်နှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁)အခြေခံပညာကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပသည်။

တိုက်ကြီးခရိုင်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးခရိုင်အတွင်းရှိ ရပ်ကွက် /ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊စစ် လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းကင်းမြို့တွင် “ဗလငါးတန် ဖွံ့ဖြိုးဖို့ အစာအာဟာရစားသုံးစို့” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ “ဗလငါးတန်ဖွံ့ဖြိုးဖို့၊ အစာအာဟာရစားသုံးစို့” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် မေထုံမဲ့သားစပ်နည်း သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စိုက်ပျိုရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးခန်းမတွင် ယနေ့ နံနက်ပိုင်းက မေထုံမဲ့သားစပ်နည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့တွင် တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၉ နာရီက တိရစ္ဆာန်ကျန်းမားရေးလုပ်သား သင်တန်းဖွင့်လှစ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကား ပြောကြားပြီး
Subscribe to