တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မိုးကြိုးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ

တောင်သာ ဩဂုတ် ၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က မိုးကြိုးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ (Talk Show)အား ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်ဘေးနှင့်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ မိုးကြိုးအန္တရာယ်အသိပညာပေးနှင့်ပတ်သတ်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဒေါ်ခင်နီလာစိုးက မိုးကြိုးအန္တရာယ်အသိပညာပေးနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်ခင်နီလာစိုးက မိုးကြိုးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲတွင် မိုးကြိုးပစ်ခြင်းဆိုသည်မှာ၊ သတိပြုရမည့်အချက်များ၊ မိုးကြိုး/လျှပ်စီးလက်ခြင်းမဖြစ်မီ ဆောင်ရွက်ရန်အချက်များ၊ လျှပ်စီးလက်ခြင်းဖြစ်ပွားစဉ် လိုက်နာရန်အချက်များ၊ လျှပ်စီးလက်ခြင်းဖြစ်ပွားပြီးနောက် လိုက်နာရန်အချက်များ စသည်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)