ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ကျိုက်ဒုံ ဩဂုတ် ၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်ကစာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေမှ ရရှိသည့်ဗဟုသုတအကြောင်းအရာများကို အပြန် အလှန်ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထိုနောက် ကျိုက်ဒုံမြို့(ပြန်/ဆက်)ဦးစီးမှူးမှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော ''လူငယ်နှင့်ဇွဲ'' စာအုပ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်နန်းအေးအေးချိုမှ လူငယ်နှင့်အနာ ဂတ်၊ တန်ဖိုးအရှိဆုံးအရာရှိ ဦးဇော်ဝင်းဦးမှ ချစ်သောမျက်စိဖြင့်ကြည့်ပါ၊ အများ၏ယုံကြည်မှု စသည့် စာအုပ်ပါအကြောင်းအရာ ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်