ကျောက်ပန်းတောင်းမြို့နယ်တွင် စီမံကိန်းဝင်ကျေးရွာများသို့ VDP, CFW နှင့် MSY (ဆီထွက်သီးနှံ)စီမံကိန်းရန်ပုံငွေလွှဲအပ်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)၊ Cash For Work(CFW)စီမံကိန်းနှင့် မိုးနေကြာစိုက်ပျိုးသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) အကောင်အထည်ဖော်ဆောင်ရွက်မည့်စီမံကိန်းဝင်ကျေးရွာများအား ရန်ပုံငွေလွှဲအပ်ပွဲအခမ်းအနားကို၊ ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချလျက်ရှိသော စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပခြင်းအား ယနေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး သီတင်းပတ် ကျောင်းမာရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဟောပြော

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ယနေ့ နံနက်(၉;၃၀)နာရီက  ကျောင်းကျန်းမာရေး သီတင်းပတ် ကျောင်းကျန်းမာရေး လုပ်ငန်းများ စစ်ဆေးဆောင်ရွက်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမတွင် ဆောင်ရွက်ခဲ့သည်။

မြောင်းမြမြို့တွင် ကျောင်းသား၊ ကျောင်းသူများ၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာအတွက် အဝတ်အထည် အိပ်ရာခင်းစောင်များထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် ခရိုင်အတွင်းရှိ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ ဂေဟာသို့ အဝတ်အထည်များ ထောက်ပံ့ခြင်းကို ယမန်နေ့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သထုံမြို့နယ်၌ ‌ဘေးအန္တရာယ် တုန့်ပြန်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ် တုန့်ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲကို ယမန်နေ့ နံနက်က သထုံခရိုင် မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်အောင်၌ (၁/၂၀၂၂) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁၃) စက်မှုလယ်ယာစခန်း သင်တန်းခန်းမတွင် ယနေ့ နံနက်က (၁/၂၀၂၂) လယ်ယာသုံး စက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
Subscribe to