ဒေးဒရဲမြို့၌ အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိရေး အသိပညာပေး ဟောပြောပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာ စေရေးနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေ ရေးအတွက် အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက်(၁၀)နာရီက စျေးကြီးအခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။