တာလေ သြဂုတ် ၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့တွင်း ပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲယာရှိ ရေနှုတ်မြောင်းများအတွင်း ပိတ်ဆို့နေသော နှုံးမြေဆည်ယူခြင်းလုပ်ငန်းများကို သော်တာဝင်းကုမ္ပဏီမှ စက်ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာလေမြို့တွင် မိုးရာသီကာလအတွင်း မိုးများရွာသွန်းခြင်းကြောင့် မြို့တွင်းပြည်ထောင်စု လမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာရှိ ရေနှုတ်မြောင်းများအတွင်း ရေတိုက်စား၍ နှုံးမြေများ ပိတ်ဆို့နေခြင်းကြောင့် လမ်းမကြီးပေါ်တွင် မြောင်းရေလျှံခြင်းများမဖြစ်ပေါ်စေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ ရေမြောင်းအတွင်း နှုံးမြေပိတ်ဆို့နေခြင်းများမရှိစေရေးနှင့် လမ်းဘေးဝဲယာ သန့်ရှင်းသာယာ လှပစေရေးတို့အတွက် သော်တာဝင်းကုမ္ပဏီမှ အလုပ်သမားများက စက်ယန္တရားများဖြင့် နှုံးမြေဆည်ယူဖယ်ရှားခြင်းလုပ်ငန်းကို သြဂုတ်လ ၆ ရက်နေ့တွင်စတင်ခဲ့ပြီး ယနေ့တွင်လည်း အဆိုပါလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တာလေမြို့ စည်ပင်သာယာရေးဌာနမှ မြို့ဦးစီးမှူး ဦးမနားရွှီးထံမှ သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)