ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

ထားဝယ် သြဝုတ် ၉

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်၊။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနိုင်ဝင်းက တနင်္သာရီတိုင်းဒေသကြီးသည် သဘာဝသယံဇာတအရင်းအမြစ်များ၊ ရိုးရာယဉ်ကျေးမှုဓလေ့များ၊ ပင်လယ်ကမ်းခြေများ၊ ကျွန်းများ၊ သဘာဝဓါတ်ငွေ့ စသောပတ်ဝန်းကျင်ရေခံ၊ မြေခံကောင်းများ ပိုင်ဆိုင်ထားပြီး မြေအသုံးချမှု ပြောင်းလဲခြင်းများ၊ ဓာတ်သတ္တုတူးဖော်မှုများ၊ တရားမဝင်သစ်ထုတ်လုပ်ခြင်း၊ ရေသယံဇာတထုတ်ယူသုံးစွဲမှုများနှင့် စည်းကမ်းမဲ့ ပလတ်စတစ်စွန့်ပစ်မှုများက သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ပျက်စီးရန် အဓိကခြိမ်းခြောက်လျက်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်နှင့် သိရှိလိုက်နာနိုင်ရန်အတွက် အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သင်ဇာဖြိုးက ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိအမြင်များ ပြည်သူ လူထုအတွင်း ပျံ့နှံ့စေရန်၊ ပတ်ဝန်းကျင်လုပ်ငန်းထိန်းသိမ်းရေး အစီအစဉ်များအား ပြည်သူများ ပူးပေါင်းပါဝင်စေရန် လိုအပ်ကြောင်း၊ ပလတ်စတစ်အိတ်အပါအဝင် ပလတ်စတစ်ပစ္စည်းများကို လျော့ချသုံးစွဲခြင်းသည် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ကာကွယ် ထိန်းသိမ်းနိုင်မည့်အပြင် သက်ရှိတို့၏ ဂေဟစနစ်များ၊ လူတို့၏ကျန်းမာရေးများကို ကာကွယ်စောင့်ရှောက်နိုင်မှာဖြစ်ကြောင်း၊ အများပြည်သူများအနေဖြင့် ပလတ်စတစ်ပစ္စည်းများ လျော့ချ၍ သုံးစွဲစေလိုကြောင်း၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်လင်းဆွေးနွေး ပြောကြားပြီး  ဦးစီးအရာရှိဦးနိုင်ဝင်းက ရှင်းလင်းဆွေးနွေးပြောကြားပေးပါသော ဒေါ်သင်ဇာဖြိုးအား ကျေးဇူးတင်ရှိပါကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို လစဉ်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ရွှေပင်လယ် (ထားဝယ်)