ရေဖြူမြို့နယ်တွင် ရှေ့ဦးပြုစုခြင်း သင်တန်း(၃)ရက်တာ ဖွင့်လှစ်ပို့ချ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းက ကြီးမှူး၍ထိခိုက်ဒဏ်ရာရှေ့ဦးပြုစုခြင်းသင်တန်း (Trauma First Aid)ကို ယနေ့နံနက် ၉နာရီက ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ မဂ္ဂင်ရပ်ကွက်၊ သီတဂူဓမ္မဝိဟာရကျောင်း ဓမ္မာရုံတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရသည်။