ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းပြုလုပ်

ဆိပ်ကြီးခနောင်တို  ဩဂုတ်  

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ၏  Book Club စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁  နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက် () ဒေါ်မိုးမိုးဦး က  စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဖတ်ရှုဆွေးနွေးမည့် စာအုပ်အကြောင်း ရရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာမြင်းခြံကျော်အောင် (သန်းထက်စံ   ရေးသားသည့်ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်စာအုပ်ထဲမှအတိုးတက်ဆုံးလူခေါင်းစဉ်ပါ အကြောင်းအရာကို စာကြည့်တိုက် လက်ထောက်() ဒေါ်မိုးမိုးဦး က လည်းကောင်း၊ငါကြီးပွားမယ့်လူလားခေါင်းစဉ်ပါအကြောင်းအရာကို Women Club အဖွဲ့ဝင် မမေမြတ်နိုး က လည်းကောင်း၊ကြီးပွားခြင်း၏အခြေခံ စာဖတ်ရန်ခေါင်းစဉ်ပါ အကြောင်းအရာကို Book Club အဖွဲ့ဝင် မောင်ထွန်းဝင်းမောင် က လည်းကောင်း မိမိတို့ဖတ်ရှုထားသည့် ခေါင်းစဉ်အလိုက် အသီးသီး ဖတ်ကြား၍ စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြပြီး၊ စာပေချစ်မြတ်နိုးသူလူငယ်များက စာပေနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ Book Club အသင်းဝင်များက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဝေယံ(IPRD)