မြန်အောင်၌ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေး ရွာစီမံကိန်း (ဆီထွက်သီးနှံ)နှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

မြန်အောင် သြဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်း (ဆီထွက်သီးနှံ)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်က စီမံကိန်းလုပ်ငန်း များ ဆောင်ရွက်နေမှုနှင့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား၍ စီမံကိန်းရန်ပုံငွေများကို သက်ဆိုင်ရာ ကျေးရွာ ကော်မတီများထံ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် မြန်အောင်မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ကျေးရွာ(၅) ရွာအနက်  Type -2 ၂၀.၀ သန်း(၁)ရွာ Type-3 ၁၀.၀ သန်း (၄)ရွာအတွက် စီမံကိန်း ရန်ပုံငွေ(၆၀.၀)သန်းနှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာတစ်ရွာလျှင် (၁၀.၀) သန်းဖြင့် ကျေးရွာ (၁၇)ရွာအတွက် စီမံကိန်းရန်ပုံငွေ (၁၇၀.၀) သန်း၊ စီမံကိန်း (၂)ခုအတွက် စုစုပေါင်းရန်ပုံငွေ ကျပ်(၂၃၀.၀)သန်းအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)