မိုးမောက်မြို့၌ အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ပလောက်မြို့တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်(၉)နာရီအချိန်က ပလောက် အ.ထ.က ကျောင်းနှင့် မူလွန်ကျောင်းတို့၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Woman Club အဖွဲ့စာဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Woman Club အဖွဲ့နှင့်ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ ပေါက်ပေါက်ရေးသားသော ကျန်းမာသုခလူနေမှုဘဝ စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့သည်။

မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပသည်။

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ခရိုင်နှင့်မြိုနယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာနှင့် အဖွဲ့ဝင်များလိုက်ပါလျက် သာယာဝတီခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက သာယာဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝမ်းတွင်းမြို့နယ်တွင် ပြည်သူ (၂,၅၅၀) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

မန္တလေးတိုင်းဒေသကြီး၊  ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ် အထက်ရှိသူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ စုရပ်များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဂွမြို့တွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလလျော့ချရေး အစီအစဉ်သင်တန်းနှင့် သင်ကြားရေးနှင့်ဆက်သွယ်ရေး အထောက်အကူပြုစနစ် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး အစီအစဉ်သင်တန်းနှင့် သင်ကြားရေးနှင့်ဆက်သွယ်ရေး အထောက်အကူပြုစနစ် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်က သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့ ဗိမာန်တော်အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ကြိုတင်ခြင်ဆေးဖျန်း ခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အမှတ်(၅)၊ အရန်မီးသတ်တပ်ဖွဲ့မှ ညောင်ဦးမြို့ အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်း များကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့၊ အမှတ်(၇)နယ်မြေ  ဝက်ကြီးအင်းရပ်၊ အလိုတော်ပြည့် ကျောင်းတိုက်ဝင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to