ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူကုန်ကူးမှု ပပျောက်ရေးအားလုံး ပူးပေါင်းပါဝင်‌ပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ကလိန်အောင်  ဩဂုတ် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပြန်လည်ထူးထောင်ရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့်လူကုန်ကူးမှုပပျောက်ရေးအားလုံးပူးပေါင်းပါဝင်‌ပေးဆွေးနွေးပွဲ(Talk Show)အစီအစဉ်ကို ယနေ့နံနက် (၁ဝ)နာရီက မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် ကလိန်အောင်မြို့  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က လူသားတိုင်းလူ့အခွင့်အရေးအပြည့်အဝ ရရှိစေရန်၊ လူကုန်ကူးမှုပပျောက်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေး‌‌ရေးနှင့်လူကုန်ကူးခံရမှုနှင့်ပတ်သက် သည့် အသိပညာပေးဆွေးနွေးပွဲ (Talk Show ) ကျင်းပပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် အသိပညာပေးဆွေးနွေးပွဲတွင် ဦးဆောင်ပါဝင်ဆွေးနွေးသူ ကလိန်အောင်မြို့ ပြန်လည်ထူထောင်ရေးစခန်းမှ တာဝန်ခံ ဦး‌ဝေဟင်စိုးက "ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းစဉ်(၅)ရပ်အကြောင်း၊ လူကုန်ကူးခံရသူများနှင့်ရွေ့ပြောင်းလုပ်သားများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအကြောင်း၊ လူကုန်ကူးမှုဆိုသည်မှာ၊ မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးမှုဖြစ်‌ပေါ်ရသည့်အခြေခံအကြောင်းအရင်းများ၊ လူမှောင်ခိုမှု၊ တရားမဝင်ရွေ့ပြောင်းခြင်း၊ လူကုန်ကူးမှု ကျူးလွန်ပါကကျခံရမည့် ပြစ်ဒဏ်များ၊ ပြန်လည်ထူထောင်ပေးခြင်း၊ ပြန်လည်လက်ခံသည့်နေရာများ၊ လူကုန်ကူးမှုပပျောက်ရေး ပြည်သူများအားလုံးဝိုင်းဝန်းပူးပေါင်း‌ပါဝင်ပေးနိုင်‌စေရန် စသည့်အကြောင်းအရာများကို ဆွေးနွေး ပြောကြားခဲ့သည်။

ခင်ခင်လဲ့