ဟိုပုံးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမပေါ်သို့ မြေစာပြိုကျမှုဖြစ်ပွား

ဟိုပုံး ဩဂုတ် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စငေါကျေးရွာ အုပ်စုအတွင်းရှိ စငေါ-စအွန်ကျေးရွာချင်းဆက်လမ်းတွင် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းမပေါ်သို့ မြေစာပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စငေါကျေးရွာ အုပ်စုအတွင်းရှိ စငေါ-စအွန်ကျေးရွာချင်းဆက်လမ်း မိုင်တိုင်(၂၆)မှ မိုင်တိုင်(၂၇)ကြားတွင် မြေစာပြိုကျမှုဖြစ်ပွားပြီး  စအွန်-ခိုလပ်ကျေးရွာချင်းဆက်လမ်းတွင် တောင်ပြိုကျမှုကြောင့် ကျေးရွာချင်းဆက်လမ်းပေါ်သို့ မြေစာပြိုကျမှုများဖြစ်ပွားလျက်ရှိကြောင်းနှင့် မော်တော်ယာဉ်များသွားလာ၍ မရကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)