ပိုင်ကျုံမြို့ အ.လ.က(ခွဲ)ဝင်းကမော့ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစို‌ကျေးရွာအုပ်စု၊ ဝင်းကမော့‌ကျေးရွာ၊ အ‌ခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရယ်အကြောင်း အသိပညာဗဟုသုတပိုမိုရရရှိစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ(၁)နာရီ(၃၀)မိနစ်အချိန်က မူးယစ်ဆေးဝါးအန္တရာယ်အသိပညာ‌ဟော‌ပြောပွဲ ဆောင်ရွက်ခဲ့သည်။

လှည်းကူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ ပြုလုပ်

ရန်ကုန်တိုင်း‌ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး (Talk  Show) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၂)နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ခမောက်ကြီးမြို့တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့‎သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အသက်၁၂နှစ်နှင့် အထက်ကျောင်းသား/သူများနှင့် အသက်(၅)နှစ်နှင့်(၁၂)နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမကြိမ်နှင့် ဒုတိယကြိမ်များထိုးနှံခြင်းကို ခမောက်ကြီး မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီခန့် မှစ၍ ထိုးနှံပေးခဲ့သည်။

ကျိုက်မရောမြို့နယ်တွင် မုန်းတိုင်းဘေး တုံ့ပြန်ရေးဆိုင်ရာ (Table- Top-Exercises )ဆွေးနွေး ပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးရာသီတွင်ဖြစ်ပေါ်လေ့ရှိသော သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်စသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ  တုံ့ပြန်ရေး (Table-Top exercise)  ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၊  သင်တန်းခန်းမ၍ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်းတွင် မိုးစပါး အောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မိုးစပါး စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးမျိုးသန့်ပွား စံပြကွက်များ အောင်မြင်ဖြစ်ထွန်းနေမှုကို

သာယာဝတီမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ အသိပညာပေးခြင်းအစီအစဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အ.ထ.က(သုံးဆယ်) ကျောင်းတွင် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

နမ့်ဆန်မြို့၌ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်ဖွံ့ဖြိုးမှုလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့်အတူအဖွဲ့ဝင် ဗိုလ်မှူးကျော်ညီညီသိန်း၊ ယာယီရဲမှူး သန်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာ ဒေါ်မိုမိုသော် တို့က ယနေ့နံနက်(၁၀)နာရီအချိန်တွင် ဇယန်းကြီးကျေးရွာ ပတ္တမြားစေတီတွင် ပြန်လည်ပြုပြင်လျက်ရှိသော ဘုရားငါးဆူကန္ဓကုရိတိုက်သို့ရောက်ရှိရာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဦးပညာသီရိ ကပြင်ဆင်ပြီးစီးမှု အခြေအနေများအား လိုက်လံရှင်းလင်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက် က လိုအပ်သည်များကို မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

ကျောက်တံခါးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်ကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်း (အနောက်ရပ်)ကျောင်း၌ ကျင်းပသည်။

မုဒုံမြို့၌ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှုမရှိစေရေး သင်တန်းများ ဖွင့်လှစ်ပြီး ရက်ကန်းပညာရှင်များ မွေးထုတ်ပေး

သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှု မရှိစေရေး ရက်ကန်းလုပ်ငန်းဆိုင်ရာ နည်းပညာများ အတတ်ပညာများ ပိုမိုထွန်းကားစေ​ရန်နှင့် ရက်ကန်းပညာရှင်များ တိုးပွားလာစေရေး တို့အတွက် သင်တန်းများဖွင့်လှစ်ကာ ပညာရှင်များကို မွေးထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to