ခမောက်ကြီးမြို့တွင် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေး

ခမောက်ကြီး ဩဂုတ် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အသက်၁၂နှစ်နှင့် အထက်ကျောင်းသား/သူများနှင့် အသက်(၅)နှစ်နှင့်(၁၂)နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမကြိမ်နှင့်ဒုတိယကြိမ်များထိုးနှံခြင်းကို ခမောက်ကြီး မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီခန့်မှစ၍ ထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေး ထိုးနှံရာတွင် ခမောက်ကြီးတိုက်နယ်ဆေးရုံမှ ဆရာမကြီးဒေါ်နီလာသောင်းနှင့်ပြည်သူ့ ကျန်းမာရေးဌာနမှ ဆရာမ (၃)ဦးတို့က အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူမျာအား မြန်မာနိုင်ငံထုတ် Myancopharm  ကိုဗစ်ကာကွယ်ဆေးများကို ဆေးတစ်လုံးလျှင် (၅) ဦးနှုန်းဖြင့် ကျောင်းသား/သူ (၉၀)ဦးအား ကာကွယ်ဆေး (ပထမ ကြိမ်)ထိုးနှံပေးခဲ့ကြသည်။

တဆက်တည်းမှာပင် အသက်(၅)နှစ်နှင့်(၁၂)နှစ်ကြားကာကွယ်ဆေး (ပထမကြိမ်)ထိုးနှံပြီး ကျောင်းသား/သူ(၇၀)ဦးအား(ဒုတိယကြိမ်) များ ဆက်လက်ထိုးနှံပေးခဲ့သည်။

ထိုသို့ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အထကခမောက်ကြီးကျောင်းနှင့် မူလွန်အမှတ်(၄)ကျောင်းမှ ဆရာ၊ဆရာမများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

ရူပါမြင့်(မောက်ကြီး)