မိုင်းယောင်းတွင် မိုးစပါး အောင်မြင်ဖြစ်ထွန်း

မိုင်းယောင်း ဩဂုတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မိုးစပါး စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးမျိုးသန့်ပွား စံပြကွက်များ အောင်မြင်ဖြစ်ထွန်းနေမှုကို ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဝမ်ဘိုးကျေးရွာအုပ်စု၊ နားဖန်းကျေးရွာရှိ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာတွင် တောင်သူဦးစိုင်းသီဟ စိုက်ပျိုးထားသော ဆင်းဧကရီ-၃ နှစ်ဧကစိုက်ခင်းနှင့် တောင်သူ ဦးအိုက်အောင် စိုက်ပျိုးထားသော မှော်ဘီကောက်ညင်းမွှေး နှစ်ဧကစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းနေမှုကို သွားရောက်ကြည့်ရှုခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော် ကျော်မိုး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

စိုင်းအောင်ဇော်လင်း