စားသုံးသူပြည်သူများ အရည်အသွေးမှန်ကန်သည့် စားသုံးဆီများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိစေရေးအတွက် ရပ်ကွက်အလိုက် လှည့်လည်ရောင်းချ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူပြည်သူများ အရည်အသွေးမှန်ကန်သည့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာများသို့ Mobile စနစ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီက သာယာအေးရပ်ကွက်၊ စံပြရပ်ကွက်နှင့် ပြည်တော်သာရပ်ကွက်များတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။