ပိုင်ကျုံ ဩဂုတ် ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၊ ဝင်းကမော့ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရယ်အကြောင်း အသိပညာဗဟုသုတပိုမိုရရရှိစေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ(၁)နာရီ(၃၀)မိနစ်အချိန်က မူးယစ်ဆေးဝါးအန္တရာယ်အသိပညာဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ ပိုင်ကျုံမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးက ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်ခူးခူးက လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာတွင် မူးယစ်ဆေးဝါးအမျိုးအစားများ၊ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲရသည့် အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသည် လူငယ်များအတွက် အန္တရာယ်ရှိပုံနှင့် လူငယ်များမူးယစ်ဆေးသုံးစွဲခြင်းမှ ကာကွယ်နိုင်မည့်နည်းလမ်းများ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်အား ကျောင်းသားလူငယ်များက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)