သာပေါင်းမြို့နယ်သို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အဖွဲ့သည် မိုးလုံ လေလုံအားကစားခန်းမနှင့် မြို့နယ်ဘောလုံးအားကစားကွင်းတို့အား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်သို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အဖွဲ့ရောက်ရှိလာ၍ မိုးလုံလေလုံအားကစားခန်းမနှင့် မြို့နယ်ဘောလုံး အားကစားကွင်းတို့အား ယနေ့ နံနက် ၁၀ နာရီအချိန်က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

တိုက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-ပြည်လမ်းပေါ်တွင် သစ်ကိုင်းများ ကျိုးကျမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် သစ်ကိုင်းများကြိုးကျကာ ယာဉ်ပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

လက်ပံတန်းမြို့၌ ကျောင်းကျန်းမာရေး သီတင်းပတ်အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးနှင့်ကျန်းမာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ် အခမ်းအနားကို အထက(၁) နဝဒေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။

ဆိပ်ဖြူမြို့နယ်တွင် မိုးသီးနှံများအောင်မြင်ဖြစ်ထွန်းရေးနှင့် စိုက်ပျိုးရေပြည့်ဝစွာရရှိရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် မြင်က၀ကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ် မြစ်ရေတင်စီမံကိန်း ဧရိယာအတွင်း ၂၀၂၂ခုနှစ် မိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးနှင့် မိုးသီးနှံစိုက်ပျိုးရေ ပြည့်ဝစွာဆောင်ရွက်ထားရှိမှု အခြေအနေများကို ဩဂုတ် ၈ ရက်နေ့ နံနက် ၁ဝနာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။

ရွှေသောင်ယံမြို့ သဲကုန်းအုပ်စုအတွင်း ကျေးရွာများ၌ ငါးနှစ်အောက် ကလေးငယ်များအား ရက်သတ္တပတ် အာဟာရတိုက်ကျွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စုအတွင်းရှိ ပိုးလောင်းကျေးရွာ၊ သဲကျင်း ကျေးရွာ၊ နွယ်ညိုချောင်းကျေးရွာများသို့ ယမန်နေ့ နံနက်ပိုင်းက ရွှေသောင်ယံမြို့ သပေါ့ကန်ကျေးလက် ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ များမှ ကျန်းမာရေးဝန်ထမ်းများမှ သွားရောက်ကာ အသက် (၆)လမှ (၅)နှစ်အောက် ကလေးများအား Vitamin(A)နှင့် သံချဆေးများကို တိုက်ကျွေး ၍ ပေါင်ချိန်ခြင်းဖြင့် ရက်သတ္တပတ် အာဟာရလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြသည်။

စဉ့်ကိုင်မြို့နယ်၌ နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စာပေဖတ်ရှုခြင်းအလေ့ အကျင့်ကောင်းများရရှိစေပြီး အမှား၊ အမှန်၊ ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ပြည်သူများလက်ဝယ်အရောက် ငှားရမ်းပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒေါ်နှင်းအိအိခိုင်(စာကြည့်တိုက်လက်ထောက်-၃)နှင့် ဒေါ်အေးအေးသီ(ရုပ်သံကျွမ်းကျင်-၃)တို့က ယနေ့မွန်းလွဲ(၁)နာရီ မြန်မာ့စီးပွားရေးဘဏ်တွင် နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိုပန် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မူလတန်းကြိုအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မူကြိုကလေးငယ်များအား ကျန်းမာကြံ့ခိုင်စေရန်နှင့် ပင်ကိုယ်ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်မြင့်မားစေရန်တို့ကို ရည်ရွယ်၍ မူလတန်းကြိုအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မီးဘေးသင့် ရေတွင်းကုန်းဘုန်းတော်ကြီးကျောင်းနှင့် သေဆုံးသူများအတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဝက်တိုးကျေးရွာအုပ်စု၊ ရေတွင်း ကုန်းကျေးရွာတွင် သြဂုတ်လ ၆ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သော ရေတွင်းကုန်း ဘုန်းတော်ကြီးကျောင်းနှင့် သေဆုံးသူများအတွက် ယနေ့ နံနက်က ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေများ လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာနှင့်စားသုံးသူ ကာကွယ်‌ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမတွင် လူငယ်ရေးရာနှင့်စားသုံးသူ ကာကွယ်‌ပေးရေး အသိပညာပေး ဟောပြောပွဲကို ဩဂုတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က  ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to