မြဝတီမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်

မြဝတီ သြဂုတ် ၁၀

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် စောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ မြဝတီခရိုင်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးဖြူက ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များအကြောင်း၊ အဟာရဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ကူးစက်ရောဂါဆိုင်ရာများအား အသိပညာပေးဟောပြောသည်။

ထို့နောက် ဒေါက်တာအေးဖြူနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးစစ်ဆေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)