သထုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

သထုံ ဩဂုတ် ၁၀

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့၊ မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ‌ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူအေးက ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၏ ရည်ရွယ်ချက်(၂)ရပ်နှင့် လုပ်ငန်းတာဝန်များ၊ ဘေးအန္တရာယ်ဖြစ်ပွားမှုများ၌ ထောက်ပံ့ကူညီပေးနေမှုအခြေအနေများ၊ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ထားရှိမှု၊ သထုံခရိုင်အတွင်း ယခင်နှစ်နှင့် ယခုနှစ် သဘာဝဘေးဖြစ်ပွားမှုများနှင့် ကူညီထောက်ပံ့မှုများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများ၊ ဘေးအန္တရာယ် ၈ မျိုးနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများစသည့် သဘာဝေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)