ချောင်းဆုံမြို့နယ်တွင် မြေပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ထောင်စုဝင်များနှင့် အိမ်ခြေ (၉) လုံး အတွက် ထောက်ပံ့

ချောင်းဆုံ ဩဂုတ် ၁၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင်  ဩဂုတ် ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် မြေပြိုမှုဖြစ်ပွားခဲ့သည့် ညောင်လန်းကျေးရွာမှ ဘေးလွှတ်ရာသို့ပြောင်းရွှေ့ နေထိုင်သည့် အိမ်ထောင်စုများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေ() နာရီက ညောင်လန်းကျေးရွာ သုဝဏ္ဏရာမ ဘုန်းတော်ကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြေပြိုဘေးကြောင့် ပြောင်းရွှေ့ အိမ်ထောင်စုများ၏ အိမ်ခြေ()လုံးအတွက် အိမ်()လုံးလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ()သိန်းကျပ်နှင့် လူဦးရေ (၄၀) ဦးအား () ရက်စာ ဆန်ရိက္ခာအတွက် ထောက်ပံ့ငွေ (၈၄၀၀၀)ကျပ် စုစုပေါင်း (၉၈၄၀၀၀) ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ် (ဘေး/စီမံ) ဦးစီးအရာရှိ ဒေါ်အင်ကြင်းချမ်းတို့မှ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ကွင်းဆင်း ပေးအပ်ခဲ့ကြသည်။

အဆိုပါဖြစ်ပွားခဲ့သည့် မြေပြိုခြင်းကြောင့် လူနေထိုင်ခြင်းမရှိသည့် နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ မြေပြိုမှုအန္တရာယ် ကျရောက်နိုင်သည့် နေရာများကိုလည်း တားမြစ်နယ်မြေအဖြင့် ကန့်သတ်ပြီး လူနေအိမ် () လုံးမှ အိမ်ထောင်စုများကို ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)