မင်းလှ ဩဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရဲတပ်ဖွဲ့က အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာအလယ်တန်း (လမ်းမတော်)ကျောင်း၌ ၂၀၂၂ -ခုနှစ်၊ ဒသမအကြိမ်မြောက်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းပိုင် က လူကုန်ကူးခြင်း၏ အဓိပ္ပယ်၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်မင်းနိုင် က လူကုန်ကူးခြင်းမခံရအောင် သတိပြုရမည့် အချက်များ၊ လူကုန်ကူးမှုကျူးလွန်ပါက ပြစ်ဒဏ်ခံရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲကို ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးစီနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)