မိုင်းငေါ့မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးမိုဘိုင်းစနစ်ဖြင့် အခြေခံပညာ‌ကျောင်းများသို့ စာအုပ်စာစောင်များသွား‌ ရောက်ငှားရမ်းပေး

မိုင်းငေါ့  ဩဂုတ် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများအသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေ၏ အကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်တွင် အ.မ.က မန်လုံကျောင်း သို့သွား‌ရောက်၍ စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား/သူများ အားလပ်ချိန်တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုတတ်သည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာစောင်များကိုဖတ်ရှုခြင်းဖြင့် စာပေ၏ အကျိုး ကျေးဇူးများအကြောင်းသိရှိစေရန်နှင့် စာကြည့်တိုက်သို့လာရောက်ပြီး စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုသည်အလေ့အကျင့်ရှိစေရန်အတွက် စာအုပ်စာစောင်များကို အခြေခံပညာကျောင်းများသို့ သွားရောက်ပြီးမိုဘိုင်းစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား/သူများဖတ်ရှုနိုင်စေရန် ရုပ်ပုံပြပုံပြင်စာအုပ်များနှင့် ရုပ်ပြ ကာတွန်း စာအုပ်များ၊ တေဇရုပ်စုံ ၊Happy Time စသည့်စာအုပ်များကို တစ်ဦးလျှင် တစ်အုပ်နှုန်းဖြင့် ငှားရမ်းခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဒေသနေပြည်သူများအတွက် အပတ်စဉ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့်ဗဟုသုတရရှိနိုင်မည့် သုတ/ရသစာအုပ်များကိုလည်း စနစ်တကျငှား ရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)