ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်(၆)တိုက်သို့ သုတ/ရသစာအုပ်များလှူဒါန်းပွဲကျင်းပ

ဝမ်းတွင်း ဩဂုတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ပေးအပ်လှူဒါန်းသော သုတ/ရသစာအုပ်များကို ကျေးရွာစာကြည့်တိုက်(၆)တိုက်သို့ ထပ်ဆင့်လှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောမှ မြို့နယ်အတွင်းရှိ စာကြည်တိုက်(၆)သို့ သုတ/ရသစာအုပ်များ ပေးအပ်လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဦးမြင့်ဇော်မှ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ဆောင်ရွက်ရမည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှလှူဒါန်းသော သုတ/ရသစာအုပ်များတွင် “ခွင့်ပြန်မယ် ခွင့်ပန်ထားသော်လည်း”၊ “ငှက်ကလေး၏တေချိုချို”၊ စာကြည့်တိုက်ပညာ(အာဆီယံ)ခရီးသည်”၊ သံမဏိတပ်ဗိုလ်ချုပ်မောင်မောင်”၊ လျှိူ့ဝှက်စစ်ဆင်ရေး၊ “အတိုင်းအတာမသိနှိုင်းစရာမရှိသော မိဘမေတ္တာ” အစရှိသော ဗဟုသုတရဖွယ်စာပေးများပါရှိကာ ကျေးရွာစာကြည့်တိုက်(၁)တိုက်လျှင် သုတ/ရသစာအုပ်(၂၅)အုပ်နှုန်းကို ထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့ရာ ကျေးရွာစာကြည့်တိုက်(၆)တိုက်မှ စာကြည့်တိုက်မှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ရဲမျိုးသက်